ကြော်ငြာများအတွက် အသံသရုပ်ဆောင်တစ်ယောက်ဖြစ်အောင် မည်သို့လုပ်ရမည်နည်း။
နောက်ခံစကားပြောလောကတွင် ကြော်ငြာနောက်ခံစကားပြောခြင်းသည် အမြတ်အရဆုံးအမျိုးအစားထဲမှ တစ်ခုဖြစ်ပါသည်။ ကုန်ပစ္စည်းအမှတ်တံဆိပ်သတင်းစကားသည် ကမ္ဘာတစ်ဝှမ်းသို့ပျံ့နှံ့သွားရန် ထိုလုပ်ငန်းက အဓိကဖြစ်သည်။ နောက်ခံစကားပြောခြင်းသည် ကုမ္ပဏီ၏ ထုတ်ကုန်အကြောင်းဖြစ်စေ ဝန်ဆောင်မှုအကြောင်းဖြစ်စေ သတင်းအချက်အလက်များကို ဖြည့်စွက်ပေးနိုင်ပြီး သုံးစွဲဝယ်ယူသူများကို ဝယ်ယူလိုစိတ်ပေါ်လာစေသည်။ အဝတ်လျှော်စက်တစ်လုံးမှစလို့ ဇိမ်ခံအပန်းဖြေခရီးတစ်ခုထိ ရောင်းထွက်စေနိုင်သည်။ ဤကြော်ငြာများသည် ပုံမှန်အားဖြင့် တီဗီ၊ ရေဒီယို၊ အင်တာနက်၊ အင်တာနက်အသံဖိုင်များ သို့မဟုတ် ဖုန်းအက်ပလီကေးရှင်းများမှတစ်ဆင့် ထုတ်လွှင့်လေ့ရှိသည်။ အကယ်၍ နောက်ခံစကားပြောသူအဖြစ် စတင်လုပ်ကိုင်ရန် စဥ်းစားနေပါက ကြိုးစားမှုနှင့် ဇွဲရှိရမည့်အပြင် အောက်ပါအကြံပြုချက်များကလည်း ကူညီပေးနိုင်ပါသည်။ ၁။ လိုအပ်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုများ ကြော်ငြာနောက်ခံစကားပြောသရုပ်ဆောင်နယ်ပယ်ထဲသို့ ခြေမချမီ အသံသရုပ်ဆောင်တစ်ဦးဖြစ်လာစေရန် လိုအပ်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုများအကြောင်းကို မဖြစ်မနေသိရှိနားလည်ထားရမည်။ မရှိမဖြစ်ပညာအရည်အချင်းဟူ၍ မလိုအပ်ပါ။ သို့သော် ဝါသနာကြီးသောအသံသရုပ်ဆောင်များသည် မိမိတို့၏ အလုပ်ချင်ဆုံးအလုပ်ကို လုပ်ကိုင်ခွင့်ရရန် အောက်ပါအချက်များကို …
ကြော်ငြာများအတွက် အသံသရုပ်ဆောင်တစ်ယောက်ဖြစ်အောင် မည်သို့လုပ်ရမည်နည်း။ Read More »