DUBnSUB MM

အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်း- မှန်ကန်ကောင်းမွန်စွာ ဘယ်လိုသွင်းယူမလဲ။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အီလက်ထရွန်နစ်သင်ကြားရေးလုပ်ငန်းသည် မကြုံစဖူးတိုးတက်လာခဲ့တယ်။ ဖော့ဘ်စ် (Forbes) မဂ္ဂဇင်းက အီလက်ထရွန်နစ်သင်ကြားရေးဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅၅ ဘီလီယံထိ တန်ဖိုးရှိလာမည်ဟု ဖော်ပြထားသည်။ အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်းသည် အမြင်တွင် အလွန်လွယ်ကူချောမွေ့သော လုပ်ငန်းဖြစ်သည်။ သို့သော် လက်တွေ့တွင် နည်းပညာအရရော အချိန်ပါ ထည့်ဝင်အားထုတ်ရပြီး နားဆင်သူများနေနှင့် မျက်ဝါးထင်ထင်မြင်တွေ့နေရသည့်တိုင် နားလည်ရန်ခက်ခဲနေနိုင်သည်။

သင်၏အီလက်ထရွန်နစ်သင်ကြားရေးစီမံကိန်းကို အောင်မြင်စေရန် အောက်ပါအချက်တချို့ကို လိုက်နာဆောင်ရွက်နိုင်သည်။

၁။ ထိရောက်၍နားလည်လွယ်သော ဇာတ်ညွှန်းတစ်ခုရေးသားပါ

အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်းတွင် ဇာတ်ညွှန်းတစ်ခုသည် အရေးအပါဆုံးအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။ ကောင်းမွန်ပြည့်စုံသော အီလက်ထရွန်နစ်သင်ကြားရေးဇာတ်ညွှန်းတစ်ခုကို ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေမည့် အကြံပြုချက်အချို့ကို အောက်တွင်ဖော်ပြထားသည်။

ဇာတ်ညွှန်းရေးသားနေစဥ်တွင် မိမိစီမံကိန်း၏ ရည်ရွယ်ချက်နှင့် သင်ကြားတတ်မြောက်ရေးရည်မှန်းချက်ကို အပြည့်အဝနားလည်ပါစေ။
ဇာတ်ညွှန်းသည် သဘာဝကျ၍ နှုတ်ပြောစကားဖြင့် ရေးသားထားသင့်သည်။ သင်ယူလေ့လာသူများနားလည်သဘောပေါက်လွယ်သော စကားအသုံးအနှုန်းများကိုသာ အသုံးပြုပါ။
နောက်ခံစကားပြောဇာတ်ညွှန်းကိုရေးသားသည့်အခါ အတက်အကျမရှိသော အသံမျိုးကိုအသုံးပြုခြင်းကိုရှောင်ကြဥ်ပြီး ဝါကျတိုများကိုသာအသုံးပြုပါ။
သင်ကြားလိုသောသင်ခန်းစာကို ငြီးငွေ့ဖို့ကောင်းအောင် အရှည်ကြီးရေးမည့်အစား တိုတိုနှင့် နားလည်လွယ်အောင်ရေးသားပါ။ စာလုံးရေ ၁၀၀ မှ ၁၅၀ ကိုဖတ်ရန် တစ်မိနစ်ခန့်ကြာသည်။ ထိုအချက်ကိုမှတ်သားလျက် မိမိဇာတ်ညွှန်း၏ စာလုံးအရေအတွက်ကို သတ်မှတ်ပါ။
ဇာတ်ညွှန်းကို အသံသရုပ်ဆောင်ထံသို့ မအပ်မီ ကိုယ်တိုင်အသံထွက်ဖတ်ကြည့်ပါ။ ထိုသို့ဖတ်ကြည့်ခြင်းဖြင့် သဒ္ဒါအမှားများနှင့် စာလုံးပေါင်းစစ်ဆေးသည့်ဆော့ဖ်ဝဲက မပြင်ဆင်ထားသည့် စာလုံးပေါင်းသက်ပုံအမှားများကို ပြင်ဆင်ခွင့်ရမည်။

၂။ ကျွမ်းကျင်သူတစ်ဦးကို ငှားရမ်းပါ

အီလက်ထရွန်နစ်သင်ကြားရေးအစီအစဥ်အများစုကိုအင်္ဂလိပ်ဘာသာဖြင့် အသံသွင်းထားသည်။ ထို့ကြောင့် ထိုကဏ္ဍတွင် အသံသရုပ်ဆောင်များအတွက် တောင်းဆိုမှုများလှသည်။ ထိုကြောင့် သင်၏အီလက်ထရွန်နစ်သင်ကြားရေးစီမံကိန်းအတွက် အသံသရုပ်ဆောင်တစ်ဦးကိုရှာဖွေနေပါက ရွေးချယ်မှုမမှားစေရန် အောက်ပါအကြံပြုချက်များက ကူညီပေးမည်၊

အသံသရုပ်ဆောင်နှင့်အသံသွင်းသည့်အခါ သဘာဝကျ၍ ရဲရဲတင်းတင်းရှိစေရန် ထိုအီလက်ထရွန်နစ်သင်ကြားရေးသင်ရိုး၏ အကြောင်းအရာကို တက်ကျွမ်းသူဖြစ်သင့်သည်။ ထိုကဲ့သို တက်ကျွမ်းသူမဟုတ်သောဇာတ်ကြောင်းပြောသူသည် ဇာတ်ညွှန်းကို နားမလည်သည့်အပြင် ပညာရပ်သုံးစကားလုံးများကို မှန်ကန်တိကျစွာ အသံထွက်တတ်မည်မဟုတ်ပါ။
နောက်ခံအသံသရုပ်ဆောင်ကောင်းမှန်လျှင် အသံသွင်းနေသည့်တစ်လျှောက် အသံနေအသံထားနှင့် စကားလုံးအဖြတ်အတောက်များကို တစ်သမတ်တည်းထားနိုင်ရမည်။
အသံသရုပ်ဆောင်သည် အသံသွင်းလုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများနှင့် အကျွမ်းတဝင်ရှိပါစေ။

၃။ သင့်တော်သော ဇာတ်ကြောင်းပြောခြင်းအမျိုးအစားကို အသုံးပြုပါ

မကြာသေးခင်က Commlab India ကုမ္ပဏီမှ “အကြောင်းအရာသည် အီလက်ထရွန်နစ်သင်ကြားရေး၏ အရှင်ဘုရင်ဆိုလျှင် အသံသွင်းဇာတ်ကြောင်းပြောခြင်းသည် မိဖုရားဖြစ်သည်” ဟုဆိုဖူးသည်။ ဇာတ်ကြောင်းပြောခြင်းသည် အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်းအတွက် မပါမဖြစ်ဖြစ်သည်။ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်သည့်အခါ သင်၏နောက်ခံစကားပြောစီမံကိန်းသည် အောင်မြင်မှုအထွတ်အထိပ်သို့ရောက်သွားမည်။ သို့သော် ညံ့ဖျင်းစွာဆောင်ရွက်ထားပါက သင်ယူလေ့လာသည့်တပည့်များကို ဆုံးရှုံးရမည့်အပြင် စီမံကိန်းတစ်ခုလုံး၏ အရည်အသွေးသည် ပျက်စီးသွားမည်။

ဇာတ်ကြောင်းပြောခြင်းအဓိကအမျိုးအစား ၄ မျိုးရှိသည်၊

အသေးစိတ်ပြောခြင်း – ဖန်သားပြင်ရှိ စာသားအတွက် ကျယ်ပြန့်စွာအသေးစိတ်ရှင်းပြခြင်း။
စကားပြေပြန်ပြောခြင်း – ဖန်သားပြင်ရှိ စာသားကို စကားပြေပြန်ဖွင့်ပြခြင်း။
လုံးစေ့ပတ်စေ့ပြောခြင်း – ဖန်သားပြင်ရှိ စာသားကို စကားလုံးတစ်လုံးချင်းစီ ဖတ်ပြခြင်း။
သရုပ်ဖော်ပြောပြခြင်း – ဖန်သားပြင်ရှိ ပုံရိပ်များကို သရုပ်ဖော်ပြောပြခြင်း။

ဖော်ပြပါ ဇာတ်ကြောင်းပြောခြင်းအမျိုးအစားအားလုံးသည် အီလက်ထရွန်နစ်သင်ကြားရေးသင်ရိုးပေါ်မူတည်၍ အသုံးဝင်ပါသည်။ ဥပမာအားဖြင့် စကားပြေပြန်ပြောခြင်းသည် ရှည်လျားသည့် ကုမ္ပဏီမူဝါဒများအတွက် သင့်တော်ကောင်းသင့်တော်မည်။ စင်စစ်အားဖြင့် စကားစုအနည်းအကျဥ်းအတွက်ဆိုလျှင် လုံးစေ့ပတ်စေ့ပြောခြင်းကို အသုံးပြုနိုင်သည်။

၄။ နောက်ခံအသံများကို ရှောင်ကြဥ်ခြင်း

မလိုလားအပ်သည့်နောက်ခံအသံများသည် သင်၏ အီလက်ထရွန်နစ်သင်ကြားရေးနောက်ခံစကားပြောသံကို စံချိန်မမီဖြစ်စေသည့်အပြင် နားလည်ရခက်သွားမည်။ ထို့ကြောင့် ဆူညံသံများထွက်နိုင်သည့် ရေခဲဘူးများ၊ ပန်ကာများနှင့် လေအေးပေးစက်များကဲ့သို့သော မည်သည့်ပစ္စည်းမှ အသံသွင်းစတူဒီယိုထဲတွင် မရှိစေရ။ အသံလုံခန်းအတွက် ငွေကြေးမတတ်နိုင်ပါက နောက်ခံစကားပြောအသံသွင်းရန် အဝတ်များအပြည့်ထည့်ထားသည့် လူတစ်ယောက်ဝင်လို့ရမည့် ဗီရိုတစ်ခုကို အသုံးပြုနိုင်သည်။ ထို့အပြင် အသံတည်းဖြတ်ဆော့ဖ်ဝဲ (Audacity) ကဲ့သို့သော တည်းဖြတ်ရေးအထောက်အကူပြုပစ္စည်းများကို အသုံးပြုပါက သင်၏အီလက်ထရွန်နစ်သင်ကြားရေးနောက်ခံစကားပြောအတွက် ညက်ညော၍ နားဝင်ချိုသောအသံမျိုးကိုရရှိမည်။

တခြားမှာမရှာပါနှင့်။ သင်၏ နောက်ခံအသံသွင်းခြင်းနှင့် ဘာသာပြန်အသံသွင်းခြင်းလိုအပ်ချက်များအားလုံးအတွက် အကောင်းဆုံး စီးပွားဖက် DUBnSUB ကိုသာ ရှာလိုက်ပါ။ ကျွန်တော်တို့ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ၊ ဂါဂွန်မြို့တွင် ရုံးချုပ်စိုက်ပြီး ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့တွင် ရုံးခွဲများဖွင့်လှစ်ထားသော နောက်ခံအသံသွင်းကုမ္ပဏီဖြစ်ပါသည်။ ကျွန်တော်တို့ကုမ္ပဏီနှင့် ဖြန့်ကျက်ထားသော စီးပွားဖက်ကွန်ရက်တို့ ပိုင်ဆိုင်ထားသော အသံသွင်းစတူဒီယိုစုစုပေါင်း ၂၀၀ နှင့် မိခင်စကားသုံး နောက်ခံအသံသရုပ်ဆောင် အယောက် ၃၂၀၀ ကျော်တို့နှင့်အတူ ဘာသာစကားပေါင်း ၇၀ ကျော်အတွက် အရည်အသွေးမြင့်နောက်ခံအသံသွင်းခြင်းဝန်ဆောင်မှုများကို အများနှင့်တန်းတူဈေးနှုန်းဖြင့် ဆောင်ရွက်ပေးနေပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *