DUBnSUB MM

ကြော်ငြာများအတွက် အသံသရုပ်ဆောင်တစ်ယောက်ဖြစ်အောင် မည်သို့လုပ်ရမည်နည်း။

နောက်ခံစကားပြောလောကတွင် ကြော်ငြာနောက်ခံစကားပြောခြင်းသည် အမြတ်အရဆုံးအမျိုးအစားထဲမှ တစ်ခုဖြစ်ပါသည်။ ကုန်ပစ္စည်းအမှတ်တံဆိပ်သတင်းစကားသည် ကမ္ဘာတစ်ဝှမ်းသို့ပျံ့နှံ့သွားရန် ထိုလုပ်ငန်းက အဓိကဖြစ်သည်။ နောက်ခံစကားပြောခြင်းသည် ကုမ္ပဏီ၏ ထုတ်ကုန်အကြောင်းဖြစ်စေ ဝန်ဆောင်မှုအကြောင်းဖြစ်စေ သတင်းအချက်အလက်များကို ဖြည့်စွက်ပေးနိုင်ပြီး သုံးစွဲဝယ်ယူသူများကို ဝယ်ယူလိုစိတ်ပေါ်လာစေသည်။ အဝတ်လျှော်စက်တစ်လုံးမှစလို့ ဇိမ်ခံအပန်းဖြေခရီးတစ်ခုထိ ရောင်းထွက်စေနိုင်သည်။ ဤကြော်ငြာများသည် ပုံမှန်အားဖြင့် တီဗီ၊ ရေဒီယို၊ အင်တာနက်၊ အင်တာနက်အသံဖိုင်များ သို့မဟုတ် ဖုန်းအက်ပလီကေးရှင်းများမှတစ်ဆင့် ထုတ်လွှင့်လေ့ရှိသည်။

အကယ်၍ နောက်ခံစကားပြောသူအဖြစ် စတင်လုပ်ကိုင်ရန် စဥ်းစားနေပါက ကြိုးစားမှုနှင့် ဇွဲရှိရမည့်အပြင် အောက်ပါအကြံပြုချက်များကလည်း ကူညီပေးနိုင်ပါသည်။

၁။ လိုအပ်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုများ

ကြော်ငြာနောက်ခံစကားပြောသရုပ်ဆောင်နယ်ပယ်ထဲသို့ ခြေမချမီ အသံသရုပ်ဆောင်တစ်ဦးဖြစ်လာစေရန် လိုအပ်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုများအကြောင်းကို မဖြစ်မနေသိရှိနားလည်ထားရမည်။ မရှိမဖြစ်ပညာအရည်အချင်းဟူ၍ မလိုအပ်ပါ။ သို့သော် ဝါသနာကြီးသောအသံသရုပ်ဆောင်များသည် မိမိတို့၏ အလုပ်ချင်ဆုံးအလုပ်ကို လုပ်ကိုင်ခွင့်ရရန် အောက်ပါအချက်များကို ကျွမ်းကျင်တတ်မြောက်ထားရမည်။

ယုံကြည်မှုရှိသော အသံ
ကြည်လင်ပြတ်သားသောအသံနှင့် မှန်ကန်တိကျသော အသံထွက်
ဇာတ်ကောင်၏လှုပ်ရှားမှုပေါ်လိုက်၍ မိမိ၏အသံကို အနိမ့်အမြင့်ပြောင်းလဲနိုင်စွမ်း
ဖြောင့်မတ်သောလုပ်ငန်းခွင်ကျင့်ဝတ်

ထိုအချက်များအပြင် အသံသရုပ်ဆောင်သည် အဝေဖန်ခံရခြင်းနှင့် အပယ်ချခံရခြင်းတို့ကို ကြံ့ကြံ့ခံနိုင်ရမည်။ ဥပမာဆိုရလျှင် အလုပ်အပ်သူနှင့် မိမိရောင်းချနေသည့် ထုတ်ကုန်တို့၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ပါက မှားယွင်းစွာလုပ်နေသော သင့်ကို အလုပ်အပ်သူက အပြစ်ဆိုရန်တွန့်ဆုတ်နေမည်မဟုတ်ပါ။ ထိုကဲ့သို့ဖြစ်လာသည့်အခါ အသံသွင်းထုတ်လုပ်သူဒါရိုက်တာနှင့် အတိုက်အခံပြောမည့်အစား မိမိအမှားကိုလက်ခံ၍ ပိုမိုကောင်းမွန်လာစေရန် ကြိုးစားပါ။

၂။ အသံနည်းပြတစ်ယောက်ကို ရှာဖွေခြင်း

အသံသရုပ်ဆောင်တစ်ယောက်ဖြစ်ရန် ပညာအရည်အချင်းမြင့်မားရန်မလိုအပ်သော်လည်း ကိုယ်တိုင်သင်ယူတတ်မြောက်မည့် အတတ်ပညာလည်းမဟုတ်ပါ။ အသံနည်းပြတစ်ယောက်၏ လမ်းညွှန်မှုများကို တောင်းခံခြင်းသည် အသံသရုပ်ဆောင်လောကတွင် အောင်မြင်မှုရရန်အတွက် အလွန်အရေးပါသည်။ အသံနည်းပြတစ်ယောက်သည် သင်အတွက်အလုပ်ရှေ့ရေးအတွက် ဇာတ်ကောင်များဖန်တီးခြင်း၊ မိမိပြောရမည့်စကားကို ပြောဆိုနည်း၊ အသံကျန်းမာရေးကို ဂရုစိုက်နည်းနှင့် အရည်အသွေးမြင့် အစမ်းအသံသွင်းခြင်းတစ်ခုဖန်တီးနည်းတို့ကို သင်ပေးနိုင်သည်။

အသံနည်းပြတစ်ဦးကို သင်နေထိုင်သောဒေသတွင်လည်းကောင်း အွန်လိုင်းတွင်လည်းကောင်း ရှာဖွေနိုင်သည်။ လူကိုယ်တိုင်တွေ့ဆုံသင်ကြားမှုကို ပိုမိုနှစ်သက်သူများသော်လည်း အတွေ့အကြုံမရှိသော နယ်ခံအသံနည်းပြတစ်ဦးအစား အဝေးမှအရည်အချင်းပြည့်မီသော နည်းပြကိုရွေးချယ်က ပိုမိုထိရောက်သည်။

အသင်ကောင်းသော နည်းပြတစ်ဦးဆိုသည်မှာ သင်၏အားသာချက်များနှင့် အားနည်းချက်များကို ထောက်ပြသူဖြစ်သည်။ သင်၏အသံပြောဆိုဟန်တွင် ပြုပြင်ပြောင်းလဲရန်လိုအပ်သော နေရာများကိုလည်း ထောက်ပြသည်။ ထို့ကြောင့် နည်းပြသည် ရိုးရိုးသားသားနှင့် ဝါရင့်တစ်ယောက်ဖြစ်ပြီး နောက်ခံစကားပြောအလုပ်လောက၏ နောင်ဖြစ်လာနိုင်ခြေနှင့် လက်ရှိအခြေအနေတို့ကို သိရှိသူဖြစ်ရမည်။

၃။ အစမ်းအသံသွင်းဖိုင်တစ်ခုဖန်တီးခြင်း

ဤလောကတွင် အောင်မြင်လိုပါက အစမ်းအသံသွင်းဖိုင်တစ်ခုကို အဓိကဦးစားပေးလုပ်ဆောင်ရမည်။ အသံသရုပ်ဆောင်တစ်ယောက်သည် ၅၅ စက္ကန့်မှ ၇၅ စက္ကန့်ထိ ကြာမြင့်သော အသံသွင်းဖိုင်တစ်ခုရှိထားသင့်သည်။ ထိုအသံသွင်းဖိုင်သည် အလုပ်အပ်သူတို့လိုအပ်ချက်ကို ဖြည့်ဆည်းကာ ထုတ်ကုန်တစ်ခုကို အရောင်းမြှင့်တင်နိုင်ကြောင်း သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်လိုအားများအောင်လုပ်နိုင်ကြောင်း သက်သေခံနေရမည်။ ထို့အပြင် သင်၏အစမ်းအသံသွင်းဖိုင်ထဲတွင် အသုံးပြုထားသော နောက်ခံတေးဂီတသည် သင်အရောင်းမြှင့်တင်နေသော ကုန်ပစ္စည်းနှင့် လိုက်ဖက်ပါစေ။

၄။ ကြော်ငြာနောက်ခံစကားပြောအလုပ်များကို ရှာဖွေခြင်း

ယခုဆိုလျှင် သင်၏အရည်အချင်းကို တိုးတက်အောင်ဆောင်ရွက်ပြီးဖြစ်ကာ အစမ်းအသံသွင်းဖိုင်ကိုလည်း ဖန်တီးပြီးဖြစ်တာကြောင့် အလုပ်စတင်ရှာဖွေနိုင်ပါပြီ။ အထိရောက်ဆုံးနည်းစနစ်သည် နောက်ခံအသံသွင်းကုမ္ပဏီများသို့ တိုက်ရိုက်သွားကာ သူတို့နှင့် လက်တွဲ၍အလုပ်လုပ်ကိုင်လိုကြောင်း ပြသပါ။ အသံသရုပ်ဆောင်များနှင့် လက်တွဲလုပ်ကိုင်လို၍ အလုပ်ခေါ်နေသူ တစ်ယောက်မဟုတ် တစ်ယောက်ရှိနေတတ်သည့် နောက်ခံစကားပြောအသိုင်းအဝိုင်းမျိုးစုံတို့ကို ချည်းကပ်နိုင်သည်။ ရွေးချယ်စရာနောက်တစ်ခုသည် အသံသရုပ်ဆောင်ဖိတ်ခေါ်ကြော်ငြာများဖြစ်သည်။ အလုပ်ခေါ်စာများစွာတွေ့နိုင်ပြီး သင်စိတ်အဝင်စားဆုံးအလုပ်ထံသို့ သင်၏အစမ်းအသံသွင်းဖိုင်ကိုပို့ပါ။

၅။ လူရွေးခံခြင်းအတွက် အကြံပြုချက်များ

ဇာတ်ကောင်တစ်နေရာအတွက် လူရွေးခံခြင်းသည် အသံသွင်းထုတ်လုပ်သူဒါရိုက်တာကပေးသော စာသားကို အသံသွင်းခြင်းနှင့် စစ်ဆေးသုံးသပ်ရန် ပြန်ပို့ပေးခြင်းတို့ ပါဝင်သည်။ အမြင်အားဖြင့် လွယ်ကူရိုးရှင်းသော အလုပ်တစ်ခုကဲ့သို့ ဖြစ်နေမည်။ သို့သော် စင်စစ်တွင် သင်အလုပ်ချင်ဆုံးစီမံကိန်းအတွက် လက်ဦးမှုရရန် ထောင့်ပေါင်းစုံမှ လိုအပ်ချက်များကို ထည့်သွင်းစဥ်းစားရန်လိုအပ်သည်။

လူရွေးခံရန်အသံမသွင်းမီ လက်ပ်တော့၊ အရည်အသွေးမြင့်မိုက်ခရိုဖုန်း၊ အသံလုံခန်းနှင့် တည်းဖြတ်ဆော့ဖ်ဝဲတို့ကဲ့သို့သော လိုအပ်သောအထောက်အကူပြုပစ္စည်းများ စုံစုံလင်လင်ရှိရမည်။
နောက်တစ်ဆင့်သည် နမူနာဇာတ်ညွှန်းကို လေ့ကျင့်ပြောဆိုကြည့်ပါ။ အပေါ်ယံသဘောမဖတ်ဘဲ အလုပ်အပ်သူရှုထောင့်မှ ဇာတ်ညွှန်းကို ဆန်းစစ်ကြည့်ပါ။ အထူးသဖြင့် ကြောငြာများတွင် အသံသရုပ်ဆောင်များသည် ကုန်ပစ္စည်းအမှတ်တံဆိပ်ဆိုလိုသည်ကို ဇာတ်ညွှန်းပေါ်မှ အသက်ဝင်လာစေရန် အလုံးစုံနားလည်နေမှဖြစ်မည်။
ကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအကြောင်း ကောင်းစွာလေ့လာထားပါ။
နောက်ဆုံးအဆင့်မှာ အကဲဖြတ်သူတို့ထံ သင်၏အသံသွင်းဖိုင်ကို တင်သွင်းပါ။

DUBnSUB ကုမ္ပဏီမှ ဖျော်ဖြေရေးကဏ္ဍ (ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများ၊ ကာတွန်းရုပ်ရှင်များနှင့် မှတ်တမ်းရုပ်ရှင်များ)၊ အီလက်ထရွန်နစ်သင်ယူမှု၊ ဂိမ်း၊ ကြော်ငြာလုပ်ငန်းနှင့် အခြားသောကဏ္ဍများကဲ့သို့သော နယ်ပယ်စုံစုံလင်လင်အတွက် နောက်ခံစကားပြောနှင့် အသံသွင်းခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။ ကျွန်တော်တို့နှင့် လက်တွဲလုပ်ကိုင်လိုပါသလား။ သင်၏နမူနာအသံသွင်းဖိုင်ကို [email protected]သို့ ပို့ပေးပါ။
လိုအပ်ချက်များရှိပါက +91 124 498 2484 ကိုဆက်သွယ်ပါ သို့မဟုတ် www.dubnsub.comကို ဝင်ရောက်ကြည့်ရှုပါ။

Leave a Comment

Your email address will not be published. Required fields are marked *